Tuesday, March 11, 2014

အသိပေးလျှောက်ထားလွှာပါဘုရား


11/3/2014                          အသိပေးလျှောက်ထားလွှာပါဘုရား
M S M O အဖွဲ့ဝင် သံဃာတော် အရှင်သူမြတ်တို့ဘုရား MSMO အဖွဲ့ကြီး၏ ၂၀၁၃ - ၀၁၄ခုနှစ် ဒုတိယအကြိမ် ပညာဒါန ရံပုံငွေ ထောက်ပံ့လှူဒါန်းပွဲကို မဟာချူလာလောင်ကွန်တက္ကသိုလ် (Wangnoi, Ayutthaya) တွင်ကျင်းပပြုလုပ်ပေးအပ်လှူဒါန်းမည်ဖြစ်ပါသောကြာင့် အားလုံးကြွရောက်ပြီး အလှူခံတော် မူပါရန် ခြေတော်ကို ဦးခိုက်လျှက် ရိုသေစွာ ပင့်ဖိတ်လျှောက်ထား အသိပေးအပ်ပါသည်ဘုရား။

လှူဒါန်းမည့်ဝတ္ထုပစ္စည်းများ။ အဖွဲ့ဝင်သံဃာတော် အရှင်သူမြတ် တစ်ပါးလျှင် အသင်းအထိမ်းအမှတ်တံ ဆိပ်ပါ   လွယ်အိတ် နှင့် န၀ကမ္မ ၀တ္ထုငွေ ( ၂၅၀၀) ဘတ် ၊
ကျင်းပပြုလုပ်မည့် နေရက်၊ အချိန် ။    ၁၉- ၃- ၂၀၁၄ ဗုဒ္ဓဟူးနေ့ (၂ - ၄) နာရီထိ
ကျင်းပပြုလုပ်မည့် နေရာဌာန ။     မဟာချူလာလောင်ကွန် တက္ကသိုလ် Room No. D-123, B.A Buddhism (ပထမထပ်) တတိယနှစ် ကျောင်းသားများ၏  စာသင်ခန်း

မှတ်ချက်။
၁။ အဖွဲ့ဝင် အသင်းသားတိုင်း မိမိကိုယ်တိုင် လက်မှတ်ထိုး ထုတ်ယူရမည် ကိုယ်စား (လုံးဝ) ထုတ် ယူခွင့် မပြုပါ။
၂။ ၅-၄-၂၀၁၄ နေ့ (၁၂) နာရီအထိ  နောက်ဆုံး အလှူခံထုတ်ယူနိုင်ပြီး၊ ထိုနေ့ထိ ကျန်ရှိနေသော သံဃာတော်များသည် ၀တ်တလုံးကျောင်းတိုက်ကြီးတွင်လည်း MSMO အဖွဲ့ကြီး၏ ဘဏ္ဍာရေးမူးများထံမှ ထုတ်ယူနိုင်ပါသည်။  သီးခြားမြို့ နယ်ရှိ သံဃာတော်များ အတွက် သီးသန့်စီစဉ်ပေးပါမည်။
၃။ သပ်မှတ်ရက်အတွင်း လက်ရှိကော်မတီ၏ ဘဏ္ဍာရေးမူးများထံတွင် ကိုယ်တိုင် ထုတ်ယူအလှူခံနိုင်ပြီး သပ်မှတ်ရက်ကျော်လွန်းသွားသော ကျောင်းသားများအတွက်သည် ဆက်လက် တာဝန် ယူမည့် က်ာမတီ ၀င်အသစ်များ၏ သဘောဆန္ဒ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်သည်။

By: ပြန်ကြားရေး 11/3/2014

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.