Monday, July 21, 2014

ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (M.S.M.O) ပညာဒါနသင်တန်းကျောင်းနှင့်အသင်းရုံးခန်းတွင် ပဉ္စမအကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ



(20-7-14)နေ့တွင်ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (M.S.M.O) ပညာဒါနသင်တန်းကျောင်းနှင့်အသင်းရုံးခန်းတွင် ပဉ္စမအကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို
စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ပါသည်။ နံက်ကိုးနာရီတွင် အခမ်းအနားကို စတင်ဖွင့်လှစ်ကာ အသင်းဥက္ကဌဆရာတော် ဦးဝေပုလ္လမှ အနုမောဒနာတရားဟောကြားပြီး ....ကြွရောက်လာကြကုန်သော ပင့်သံဃာတော်အရှင်သူမြတ်တို့မှဒကာ၊ဒကာမအပေါင်းတို့အားဘေးအန္တရာယ်ကင်းရှင်းစေဖို့   မေတ္တသုတ်ပရိတ်တရားတော်များကိုရွတ်ဆိုချီးမြောက်ခဲ့ကြပါသည်။ ယနေ့ဝါဆိုသင်္ကန်းကပ်လှူပွဲမှ ရရှိလာသောန၀ကမ္မတို့ကို ရရှိ/ကုန်ကျစရိတ်တို့ကိုစိစစ်ခွဲခြမ်းဝေဘန်ပြီးလျှင် ကျန်ရှိသောဝတ္ထုငွေတို့ကို စာရင်းပြုစုပြီး ဘဏ္ဍာရေးမှူး(၂)ဆရာတော်ဦးသြဘာသအား ထိန်းသိမ်းစောင့်ရှောက်ရန် အပ်နှံထားပါကြောင်း
အသိပေးလျှောက်ထားအပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား။



No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.