Friday, November 14, 2014

MSMO_မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)၏ နှစ်ဝက် အစည်းအ ဝေး မှတ်တမ်း (14.11.2014- သောကြာနေ့)





MSMO _မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) နှစ်ဝက် အစည်းအ ဝေး 

မှတ်တမ်း (14.11.2014- သောကြာနေ့)

1) ဥက္ကဋ္ဌ ဆရာတော်မှ အစည်းအဝေး၏ အဖွင့်အမှာ စကား လျှောက်ထားခြင်း

2) အတွင်းရေးမှူး ဆရာတော်မှ အသင်း၏ - အတွင်း လုပ်ဆောင်ချက်များကို
အကျဉ်းမျှ လျှောက်ထားတင်ပြခြင်း။

3) ဘဏ္ဍာရေးမှူးဆရာတော်မှ အသင်း၏ ရုံးဘဏ္ဍာ၊ ဗဟိုဘဏ္ဍာ ၀င်ငွေ ထွက်ငွေ
ကျန်ငွေ စာရင်းများကို ရှင်းလင်းတင်ပြ လျှောက်ထားခြင်း။

4) စာရင်းစစ်မှူးဆရာတော်မှ လုပ်ငန်းအတွေ့အကြုံများနှင့် အကြံပြုချက်
များကို အကျဉ်းမျှ လျှောက်ထားတင်ပြခြင်း။

5) ပြန်ကြားရေးမှူးဆရာတော်မှ လုပ်ငန်းအတွေ့အကြုံများ နှင့် အကြံပြုချက်
များကို အကျဉ်းမျှ လျှောက်ထားတင်ပြခြင်း။

6) အသင်းဝင်ဆရာတော် ၃၃၇- ပါး တို့အား အသင်းတံဆိတ်ပါ လွယ်အိတ်၊ ဝတ္ထုငွေ
၅၀၀ ဘတ်တို့ကို အသီးသီးလှူဒါန်းခြင်း။

7) MSMO- အသင်းကြီး၏ စည်းမျဉ်းဆိုင်ရာများ၌ လိုအပ်နိုင်သည့် 

ဖြည့်စွတ်ချက်များအပေါ်သံဃာ့ဆန္ဒကိုခံယူလျက် တိုင်ပင်ဆွေးနွေးခြင်း။

8) အသင်းကြီး ဆထပ်တပိုး စည်းလုံး ညီညွတ် တိုးတတ် အောင်မြင်ရန် ရည်သန်လျှက်
သံဃာတရပ်လုံးအနေဖြင့်လည်းကောင်း 

ကော်မတီဝင်ဆရာတော်ဘုရားများမှလည်းကောင်း အပြန်အလှန်
အကြံပြုချက်များ လျှောက်ထားကာ နွေးထွေးစွာ စုပေါင်းတိုင်ပင်ကြခြင်း။

9) အသင်း၏ကော်မတီဝင်၊ အသင်းဝင်ဆရာတော်များအနေဖြင့် အမှတ်တရ 

မှတ်တမ်းဝင် ဓာတ်ပုံများ ရိုက်ကူးခြင်း။

၎င်းအစည်းအဝေးနှင့် ဆက်လျဉ်း၍ အထက်ပါ 

အကြောင်းအရာများကို မြန်မာကျောင်းသား

ရဟန်းတော်များအနေဖြင့် နွေးထွေးစွာ ဆွေးနွေးတိုင်ပင် အတည်ပြုခဲ့ပါကြောင်း 

မှတ်တမ်းတင် အပ်ပါသည်။

MSMO ပြန်ကြားရေး အဖွဲ့ ..

Monday, November 10, 2014

2014 / 2015 နှစ်ဝက် ( ၆ လပတ် ) သံဃာစုံညီအစည်းအဝေးပွဲ ပင့်ဖိတ်ခြင်း


2014 / 2015  နှစ်ဝက်  ( ၆ လပတ် ) သံဃာစုံညီအစည်းအဝေးပွဲ ပင့်ဖိတ်ခြင်း 
မြန်မာကျောင်းသားရဟန်းသံဃာတော်အရှင်သူမြတ်တို့ ဘုရား လျှောက်ထား ပင့်ဖိတ်အပ်ပါသည် ။
M.S.M.O မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့  ( ထိုင်းနိုင်ငံ  ) အနေဖြင့် အသင်းဝင်မြန်မာကျောင်းသားရဟန်းတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းဝတ္ထုတိုကို လှူဒါန်းလိုခြင်း။

မိမိတို့ ၏ M.S.M.O.ကျောင်းသားအသင်းကြီး ဆထပ်တပိုး သယ်ပိုးနိုင်အောင် စည်းလုံးညီညွတ်
အောင်မြင်ရေးဆိုင်ရာများ သံဃာ စုံညီ ဆွေးနွေးလိုခြင်း။

အထက်ပါ အကြောင်းအရာနှစ်ချက်ကို နွေးထွေးစွာဖြင့် အထူးတိုင်ပင် ဆွေးနွေးလိုပါ၍ ဆရာတော် ဘုရားတို့ အနေဖြင့် အောက်ပါအစီအစဉ်အတိုင်း ကြွရောက် တော်မူပါရန် ခြေတော်ဦးခိုက်၍ အသိပေးလျှောက်ထား ပင့်ဖိတ်အပ်ပါသည် မြန်မာကျောင်းသား ဆရာတော်သံဃားတော် အရှင်သူမြတ်တို့ဘုရား။

နေရာ ။--------------မဟာချူလာလောင်ကွန်တက္ကသိုလ်   .၀မ်နွိုင်းခရိုင်၊ အယုဒ္ဒယမြို့ ၊ ထိုင်းနိုင်ငံ ။
  နေ့ရက် ။-----------14.11.2014 သောကြာနေ့

အချိန်။------------  01.00 PM..မှ....05.00.အထိ

မှတ်ချက် // ---------၀ပ်တလုံး တွင် ကား ကြို/ပို့   စီစဉ်ထားပြီး ၎င်းနေ့ .11.30.AM..မှ.ကားစထွက်ပါမည်ဘုရား....


M.S.M.O ပြန်ကြားရေးကော်မတီ 

10.11.2014.

Thursday, November 6, 2014

ပညာဒါန လှူဒါန်း

6. 11. 2014 (၁၃၇၆) ခုနှစ်။ ထိုင်နိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (M S M O) သို့ လစဉ် ပညာစရိတ်ဖြင့် ထောက်ပံ့လှူဒါန်းကြသော သဟပုညကာရီ (တလာကုန့်) အသင်းမှ ပညာဒါန အလှူငွေ 6800 ဘတ်ကို လှူဒါန်းပါသည်။

ဝမ်းမြောက်နုမော် သာဓုခေါ်စေသော်


တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့

 " တန်ဆောင်မုန်းလပြည့်နေ့၊ သာမညဖလ အခါတော်နေ့ "

 

 မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလဟာ တမူထူးခြားတဲ့ လဖြစ်ပါတယ်။
●ဒီလမှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
●ကထိန်သင်္ကန်း အလှူပွဲတော်၊
●မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်၊
●မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
●ကျီးမနိုးပွဲတော်၊
●သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို
ကျင်းပလေ့ရှိကြပါတယ်။
ဒီအထဲမှာ သာမညဖလအခါတော်နေ့ ပွဲတော် ကျင်းပခြင်းရဲ့ အကြောင်းရင်းကို တင်ပြလိုပါသည်။
အဇာတသတ်မင်းဟာ ဒေ၀ဒတ်နှင့် ပေါင်းမိပြီး ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိပါတယ်။
ဒီအချိန်ကစပြီး အိပ်မပျော်တဲ့ ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။ သူ၏မျက်လုံးတွေကို “လှံချက်ပေါင်း အရာအထောင်”တို့နဲ့ ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့ပါတယ်။ ဒီဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေခဲ့ပါတယ်။ ဒီအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ ရောက်သွားပါတယ်။ ဒါပေမဲ့ တိတ္ထိဆရာကြီး ၆-ဦးဟာ အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေးလမ်းညွှန်မှု
မပြုနိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ စိတ်သောကတွေ သက်သာအောင် ဇီဝကအမတ်၏အကြံပေးချက်အရ
ြိ မြတ်စွာဘုရားထံသွားရောက် ဖူးတွေ့ဖို့ သွားရောက်ခဲ့ပါတယ်။ မြတ်စွာဘုရားထံရောက်ရှိခဲ့တဲ့ ညဟာ
တန်ဆောင်မုန်းလပြည့်ညဖြစ်ပြီး ဇီဝကဦးဆောင်တဲ့ “မိန်းမ စစ်သည်တော် ၅၀၀” တို့ဟာ
အဇာတသတ်မင်းကြီး မကြောက်ရွံဖို့နဲ့ မြတ်စွာဘုရားရဲ့ကျောင်းတော် ဆီမီးအလင်းရောင် ထိန်ထိန်လင်းစေဖို့ တန်ဆောင်တိုင်လို့ ခေါ်တဲ့
မီးတိုင်တွေကို ကိုင်ဆောင် ထွန်းညှိကာ မြတ်စွာဘုရားရဲ့ကျောင်းတော်ကို ထိန်လင်းစေတာကို
အစွဲပြုပြီး “တန်ဆောင်တိုင်ပွဲတော်”ကို ကျင်းပခဲ့ကြပါတယ်။ ဇီဝကလှူဒါန်းတဲ့ ကျောင်းတော်ကိုရောက်တဲ့ခါမှာ ဥယျာဉ်တော်ထဲမှာ တစ်ထောင်ငါးရာတစ်ဆယ်သော
ရဟန်းအပေါင်းခြံရံလျက် တင့်တယ်သပ္ပါယ်စွာ သီတင်းသုံးနေတော်မူသောမြတ်စွာဘုရားကိုတွေ့မြင်
လိုက်ရတဲ့အခါ အဇာတသတ်ဟာ ကြည်ညိုသော သဒ္ဓါတရားတွေ ဖြစ်ပွားပြီးငြိမ်သက်တည်ကြည်သော
ရဟန်းတို့ကိုရှေးကတစ်ကြိမ်တစ်ခါမျှမမြင်ဘူးပါလား တကားလို့ တည်ကြည်သောစိတ်ထားဖြင့်
နှုတ်မှရေရွတ်ပြီး အလွန်ကြည်ညိုသွားပါတော့တယ်။ ထိုအခါ မြတ်စွာဘုရားက “သာမညဖလသုတ်”ကို
ဟောကြားသော်လည်း အဇာတသတ်ဟာ ဘုရားရှင်ထံမှ တရားတော်ကို ကြည်ညိုသဒ္ဓါပွားနာကြားပြီး
တရားသဖြင့် မင်းပြုခဲ့ပေမယ့်ဒေ၀ဒတ်ဟူသောပညာမဲ့ ယုတ်မာသူကို မှီဝဲဆည်းကပ်မှု ကြောင့် အဇာတသတ်ဟာ ကြီးလေးသော အမှားကြီးဖြစ်တဲ့ ကံကြီးငါးပါးထဲက ပိတုဃာတက အဖကို သတ်တဲ့ကံဖြစ်သော ဖခင်ဗိမ္ဗိသာရမင်းကြီးကို သတ်မိတဲ့ကံကြောင့်မြတ်စွာဘုရားရှင်
ဟောကြားသောတရားတော်ကို နာကြားပေမယ့် သောတပတ္တိဖိုလ်မရဘဲ
ေေ နောင်တမလွန် ဘ၀မှာလည်း အပါယ်ငရဲ၌ ကျခဲ့ရပါတယ်။ သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားခဲ့ပါတယ်။ဒါတင်မကဘဲ
ခမည်းတော်ကို သတ်ခဲ့မိတဲ့ သူရဲ့အမှားကိုလည်း ကြီးစွာနောင်တရခဲ့ပါတယ်။
  ပြီးတော့ မြတ်စွာဘုရားထံမှာ
(၁) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ အပြစ်ကို) ၀န်ခံခြင်း၊
(၂) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ အပြစ်ကို) တောင်းပန်ခြင်း၊
(၃) (ထိုကဲ့သို့သော မကောင်းမှုကို နောင်တဖန်
မလုပ်တော့ပါ ဟု) ကတိပေးခြင်း၊
တို့ကိုလုပ်ဆောင်ခဲ့ပါတယ်။
●အဇာတသတ်မင်းကြီးဟာ သာမညဖလသုတ် တရားတော်ကို ကြားနာရပြီး သူ့အပြစ်တွေကို
ဒီလို ကုစားခဲ့တာကြောင့် “မဟာ အ၀ီစိ ငရဲ”တွင် မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့တဲ့
“လောဟကုမ္ဘီ ငရဲ” ၌သာ ကျရောက်ပြီး နောင်သောအခါမှာ “၀ိဇိတာဝီ” မည်တဲ့ ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ရ ပါလိမ့်မယ်။ ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့်
အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏ ဖြစ်ရပ်မှန်ပင် ဖြစ်သည်။
ဤတွင် သာမညဖလတရားတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိနားလည်သင့်သည်ဟု ခံယူမိသည်။
သာမညဖလဟူသည် “ရဟန်းပြုခြင်း၏ အကျိုးများ”ကို ဖော်ပြချက်ဖြစ်သည်။
 
“ရဟန်းပြုခြင်း၏ အကျိုးများ”
~~~~~~~~~~~~~~~~~
ရဟန်းပြုခြင်းဖြင့် -
(၁) မင်းခစားဘ၀နှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
(၂) အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
(၃) ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း။
(၄) ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
(၅) ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။
(၆) နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
(၇) ဣနြေ္ဒ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
(၈) သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
(၉) သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
(၁၀) နီဝရဏ-ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား-ငါးပါးမှ
 ကင်းလွတ်ခြင်း။
(၁၁) ဈာန်တရား ရနိုင်ခြင်း။
(၁၂) ၀ိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း။
အကျိုးတရားတို့ ဖြစ်ပေသည်။
ဤရဟန်းပြုခြင်း၏ အကျိုးများကို မြတ်စွာဘုရားက ဟောပြောတော်မူခဲ့သည်။
အဇာတသတ်မင်းနှင့်တကွ ကြားနာရသူအပေါင်းသည်၎င်း၊ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာဝင်တို့သည်၎င်း၊ ရဟန်းပြုခြင်း၏ အကျိုးများကို နာယူမှတ်သားခွင့် ရခဲ့ကြသည်။
ထိုသို့ နာယူမှတ်သားခွင့်ရသဖြင့်လည်း ခေတ်အဆက်ဆက် ပါရမီရှင် ပုဂ္ဂိုလ်များသည် ရဟန်းပြုလာခဲ့ကြသည်။ ထိုထိုရဟန်းများကိုလည်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များက
ဆည်းကပ်ကိုးကွယ်လာခဲ့ကြသည်။ ထိုသာမညဖလသုတ်ခေါ်
(ရဟန်းပြုခြင်း၏ အကျိုးတရားကို)မြတ်စွာဘုရားသည် အဇာတသတ်မင်းအား
“တန်ဆောင်မုန်းလပြည့်နေ့” တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို
“သံဃာတော်များနေ့” ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့တွင်၊ မြတ်စွာဘုရားက အဇာတသတ်မင်းအား “သာမညဖလသုတ္တန်”ကို
  ဟောကြားတော် မူသောကြောင့် ဤနေ့ကို သာမညဖလ အခါတော်နေ့ဟူ၍ သတ်မှတ်ကာ
သံဃာရတနာ၏ ဂုဏ်ကျေးဇူးအပေါင်းကို ပူဇော်ကြသည့် အချိန်အခါလည်း ဖြစ်ပါသည်။
ထိုထိုအကြောင်းများကို လေ့လာဆည်းပူး၍ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် သံဃာတော်များကို
ပိုမိုလေးစားကြည်ညို ဆည်းကပ်ကိုးကွယ်ခြင်း ပြုအပ်ပေသည်။
-【Admin Team of Young Buddhist's Association】
Posted by
www.facebook.com/youngbuddhistassociation.mm
အညွှန်း - ဦးပညာသာမိ(မာဂဓီ-သာစည်) ၏ အခါတော်နေ့များမှ-

Tuesday, November 4, 2014

ပဉ္စမကြိမ်မြောက် (M S M O) စုပေါင်းမဟာဘုံ ကထိန်ပွဲ

2. 11. 2014 ရက်နေ့တွင် ပဉ္စမကြိမ်မြောက် (M S M O) မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့သို့ M S M O ကျောင်းသား/ ကျောင်းသူများနှင့် တိုင်းရင်းသားညီအကို မောင်နှမများက စုပေါင်းကျင်ပ ပြုလုပ်အပ်သော ကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကြီတွင်
ပင့်သံဃာ(၁၁)ပါး တစ်ပါးလျှင်(၂၀၀၀)ဘတ်နှုန်းတကွ အထွေထွေအသုံးစရိတ် ကုန်ကျငွေ ၄၆၀၆၈ဘတ်  
စုစုပေါင်း ရရှိအလှူငွေ                                       ၁၁၈၇၃၁ ဘတ်
စုစုပေါင်းကျန်ရှိငွေ                                           ၇၂၆၆၃ ဘတ် တို့ကိုလက်ခံရရှိပါသည်။


အားလုံးသော အလှူရှင်များနှင့်တကွ ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့သည် ကိုယ်၏ကျမ္မာခြင်း စိတ်၏ကျမ္မားခြင်း ကိုယ်စိတ်နှစ်ပါးကျမ္မားခြင်းတို့နှင့် ပြည့်စုံပြီး သာသနတာဝန်တွေကို ဒီထက်မက ထမ်းဆောင်းနိုင်ပါစေ။



Monday, November 3, 2014

ထောက်ပံ့လှူဒါန်း

26. 10. 2014 ရက်နေ့တွင် ကျမ္မားရေမကောင်းသော ဦးကောလိယအား M S M O. မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့မှ ဘတ် 5000 ကို ကျမ္မားရေစရိတ် ထောက်ပံ့ဖြစ်ဆက်ကပ် လှူဒါန်းခဲ့ပါသည်။

 
နတ်လူသာဓုခေါ်စေသော်
Myanmar Student Monks Organization in Thailand. Powered by Blogger.