Friday, March 6, 2015




 MSMO- သင်းလုံးကျွတ် အကြိုအစည်းအဝေး (4.3.2015)



    MSMO-၏ ခြောက်လပတ်အကြိုအစည်းအဝေးကို မတ်လ ၄- ရက် ၂၀၁၅၊ နေ့လည် ၁၂း၃၀ အချိန်၊ ဗုဒ္ဓဟူးနေ့ တွင် MCU Class Building, D (519) ၌ ကျင်းပခဲ့ပါသည်။  ၎င်းနေ့တွင် အောက်ပါ ကိစ္စရပ်များကို အစည်းအဝေးသို့ တက်ရောက်လာသော အသင်းဝင်သံဃာတော်များ ဆန္ဒနှင့်အညီ အတည်ပြုခဲ့ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

    1 /..   MSMO-၏ ဗဟိုကော်မတီဝင်ရွေးကောက်ပွဲကို 28.3.2015၊     ကြာသပတေးနေ့ နေ့လည် 12:30 PM အချိန်၊  မဟာချူလာလောင်ကွန်  တက္ကသိုလ်၌ ကျင်းပမည်။

2 /….  အသင်းဆိုင်ရာ စည်းမျဉ်းပြင်ဆင်ခြင်း၌ လိုအပ်သည်များ ဖြည့်စွက်ခြင်း၊ ခေတ်ကာလ နှင့် မလျှော်ညီသော  စည်းမျဉ်းများကို ထုတ်ပယ်ခြင်း၊ ပြင်ဆင်သင့်သည့် စည်းမျဉ်းများကို ပြင်ဆင်ခြင်း စသည်ဖြင့် စည်းမျဉ်းဆိုင်ရာများ ဆွေးနွေးအတည်ပြုသည်။

3/..  ယနေ့ ဖြည့်စွက် ထုတ်ပယ် ပြင်ဆင်ခဲ့သောစည်းမျဉ်း များ သည်  လာမည့် ဗဟိုကော်မတီရွေးကောက်ပွဲနေ့မှစ၍ အသက်ဝင်သည်။

4/… အသင်း၏ စည်းမျဉ်းနှင့် ဆန့်ကျင်သော တစ်ခြားသော ကျောင်းသား အသင်းပြိုင်စာရင်းဝင်ပုဂ္ဂိုလ်များကို လာမည့် ရွေးကောက်ပွဲ နေ့မှစ၍ အသင်းဝင် များစာရင်းမှ ရပ်စဲမည်။

5./…. လာမည့်ရွေးကောက်ပွဲတွင် စည်းမျဉ်းဆိုင်ရာ များနှင့် စပ်လျဉ်း၍  တစ်စုံတစ်ခုမျှ ဆွေးနွေးမည်မဟုတ်တော့ပါကြောင်း သဘောတူအတည်ပြုခဲ့ပါကြောင်း မှတ်တမ်းတင်အပ်ပါ သည်။

ထိုအစည်းအဝေးပွဲ၌ တက္ကသိုလ်ရဟန်းပျို ဓမ္မစာဆောင်မှ ရေသန့်ဗူးများနှင့်အအေးများ(အချိုရည်)
 (ဘတ် 1168 )ကို အစည်းအဝေးပွဲသို့ တတ်ရောက်လာသော သံဃာတော်အရှင်မြတ်တို့ အား ဆက်ကပ်လှူဒါန်းပါသည်။

 MSMO   ပြန်ကြားရေး

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.