Friday, March 6, 2015

ထိုင်းနိုင်ငံ တက္ကသိုလ်၊ ကောလိပ် အသီးသီးရှိ MSMO- စာရင်းဝင် သံဃာတော် အရှင်သူမြတ်တို့အား အသိပေး လျှောက်ထားခြင်း


ထိုင်းနိုင်ငံ တက္ကသိုလ်၊ ကောလိပ် အသီးသီးရှိ MSMO- စာရင်းဝင် သံဃာတော် အရှင်သူမြတ်တို့အား အသိပေး လျှောက်ထားခြင်း

ကော်မတီဝင်လောင်းများ၏ ပြည့်စုံရမည့်အင်္ဂါရပ်များ

1) မြန်မာပြည်၌မွေးဖွားသူ၊ မြန်မာပြည်သာသနာဝင်မှတ်တမ်းနှင့် မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။

2) မြန်မာပြည်၌မွေးဖွားသူ၊ မြန်မာပြည်သာသနာဝင်မှတ်တမ်းနှင့် မြန်မာနိုင်ငံကူးလက် မှတ်ကိုင်ဆောင်ထားသူဖြစ်သော်လည်း တခြားနိုင်ငံတစ်ခုခု၏ နိုင်ငံသားအဖြစ်ခံယူထားသူ၊ ယင်းနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကိုပူးတွဲကိုင်ဆောင်ထားသူမဖြစ်စေရ။

3) ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတကာပညာရေးစနစ်ဖြင့် ဖွင့်လစ်သင်ကြားနေသော တက္ကသိုလ်၊ ကောလိပ် တစ်ခုခုတွင်တရားဝင် တက်ရောက်ပညာသင်ကြားနေသူဖြစ်ရမည်။

4) ကော်မတီဝင်များ၏ အရည်ချင်းသည် မိမိတက်ရောက်ပညာသင်ကြားနေသော ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတကာပညာရေးစနစ်ဖြင့် ဖွင့်လစ်သင်ကြားနေသော တက္ကသိုလ်၊ ကောလိပ်များ၏ သတ်မှတ်ပြဋ္ဌာန်းချက်အတိုင်းဖြစ်သည်။

5) မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အခြားမည်သည့်နိုင်ငံတွင်မဆိုပြစ်မှုတစုံတရာကင်းရှင်းသူ၊ နာမည်ပျက်မရှိသ၊ူ နာမည်ပျက်ရှိသူဟုယူဆခြင်းမခံရသူဖြစ်ရမည်။

6) ငယ်ဖြူရဟန်းဖြစ်ရမည်ဖြစ်ပြီး၊ ကိုယ်လက်အင်္ဂါ မသန်စွမ်း၊ ချို့ယွင်းသူ၊ စိတ်ရောဂါရှိသူမဖြစ်စေရ။

7) နိုင်ငံတကာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာစကား သို့မဟုတ် ထိုင်းဘာသာစကားကို ဖြစ်ဖြစ်မြောက်မြောက် တတ်ကျွမ်း၊ နားလည်၊ အသုံးပြုနိုင်သူ ဖြစ်ရမည်။

8) ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်ရမည်ဖြစ်ပြီး ဘက်လိုက်ခြင်း၊ အဂတိလိုက်စားခြင်း၊ လူမျိုးရေးခွဲခြားဆက်ဆံလိုခြင်း ကင်းရှင်းသူဖြစ်ရမည်။

9) အဖွဲ့၏တာဝန်များကို အမှန်တကယ် စိတ်ပါဝင်စားစွာထမ်းဆောင်လိုသူ။ အမျိုး၊ ဘာသာ၊ သာသနာ၏အကျိုးကို အမှန်တကယ်လိုလားသူဖြစ်ရမည်။ အဖွဲ့ကိုအမှီပြုပြီး ကိုယ်ကျိုးရှာလိုသူမဖြစ်စေရ။


ဤသို့ ရွေးချယ်ရာတွင် တတ်ရောက်နေသောနှစ် အလိုက် အတန်းသားဦးရေအနည်းအများအပေါ်မူတည်၍ ကော်မတီဝင်လောင်းများကို ………..

(က) ၁-ပါးမှ ၅ ပါးအတွင်း ၁ ပါး။

(ခ) ၆-ပါးမှ အပါး ၃၀ အတွင်း ၂ ပါး။

(ဂ) ၃၁- ပါးမှ အပါး ၄၀ အတွင်း ၃ ပါး။

(ဃ) အပါး-၄၀ မှ အထက် ၄ ပါးကိုရွေးချယ် တင်မြှောက်နိုင်သည်။



မှတ်ချက်။ ။ ၁) MSMO- အသင်းကြီး၏ ဒုတိယ ၆-လပတ် သင်းလုံးကျွတ်အစည်းအဝေးကြီးကို

28/3/2015 (စနေနေ့) ၊ နေ့လည် (12:30) အချိန်၊ MCU တွင် ကျင်းပမည်။

၂)မိမိတို့ အတန်းအတွင်းမှရွေးချယ်ထားသောကော်မတီဝင်လောင်းဆရာတော်

များ၏စာရင်းများကို ကိုယ်ရေးအကျဉ်းနှင့်တကွ 12/3/2015 (ကြာသပတေး)

နေ့ နောက်ဆုံးထား၍ (အတန်းခေါင်းဆောင်မှတဆင့်) ပို့ဆောင်ပေးရမည်။

ဆက်သွယ်ရန်။ ။ ဦးဝေပုလ္လ 

ဖုန်း - ၀၈၂-၇၈၄၄-၃၉၄ 

ဂျီမေးလ်- ashinvepulla36953@gmail.com

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.