Tuesday, March 31, 2015



နေ့စွဲ-28. 2. 2015
နေ့လည်- 1း00 MP
         MSMO- ဒုတိယ ၆-လပတ် သံဃာစုံညီအစည်းအဝေး နှင့် ဆဋ္ဌမအကြိမ်မြှောက် ဗဟိုကော်မတီ ရွေးကောက်ပွဲ အခမ်းအနားအစီအစဉ်များကို အောက်ပါအတိုင်း အောင်မြင်စွာကျင်းပပြီးစီးပြီ ဖြစ်ပါကြောင်း မော်ကွန်းမှတ်တမ်း တင်အပ်ပါသည်။

1) နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်စဉ်။



2)  အသင်းကြီး၏ ဥက္က္ကဋ္ဌဆရာတော်မှ အဖွင့်အမှာစကားပြောကြားစဉ်။


3) ဗဟိုကော်မတီ၏ တစ်နှစ်တာ လုပ်ဆောင်ချက်အကျဉ်းကို အတွင်းရေးမှူးဆရာတော်မှ တင်ပြလျှောက်ထား။

4) အသင်း၏ ဗဟိုဆိုင်ရာ၊ ရုံးဆိုင်ရာ ဘဏ္ဍာရေးရှင်းတမ်းများအား ရှင်းလင်းတင်ပြစဉ်။


5) ပြန်ကြားရေးဆရာတော်မှ လုပ်ငန်းအတွေ့အကြုံ အကျဉ်းချုပ်ကို တင်ပြလျှောက်ထားစဉ်။


6) စာရင်းစစ်နှင့် အသင်းဝင်ကြီးကြပ်ရေး ဆရာတော်များမှ လုပ်ငန်းအတွေ့ကြုံကို အကျဉ်းချုပ်၍ လျှောက်ထား။

7) ကော်မရှင်ဆရာတော်များမှ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လျှောက်ထားတင်ပြ။


8) ကော်မတီဝင်သစ် ဆရာတော်များအား တစ်ပါးချင်းကိုယ်စီ မဲပေးစနှစ်ဖြင့်  အသင်း၏ စည်းမျဉ်းနှင့်အညီ ရွေးချယ်တင်မြှောက်။


9) ဗဟိုကော်မတီဟောင်းဆရာတော်များအနေဖြင့် အဖွဲ့အစည်းနှင့်ဆိုင်သော စာရွက်စာတမ်းများအား ဗဟိုကော်မတီအသစ်ထံ အသင်းဝင်သံဃာတော်အရှင်သူမြတ်များ၏ ရှေ့တော်မှောက်တွင် အပ်နှံ။


10) ကော်မရှင်ဆရာတော်များအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သော ကော်မတီဟောင်းဆရာတော်များအား ဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်၊


11) MSMO- အသင်းကြီး စည်ပင်ပြန့်ပွားစေရေးအတွက် လိုအပ်သည်များကို တိုင်ပင်ဆွေးနွေး (30- မိနစ်ခန့်)



12) ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းပြီးသည့်နောက် အမှတ်တရဓါတ်ပုံများ မှတ်တမ်းတင်ရိုတ်ကူးကြပါသည်။



ထိုအခမ်းအနားကို အခမ်းနားမှူးအဖြစ် ဦးသြသဓ(တက္ကသိုလ် ရဟန်းပျို) မှ စီစဉ်ဆောင်ရွတ်၍
အခမ်းအနားသို့တက်ရောက်လာကြသော သံဃာတော်များအတွက် အအေးနှင့် အချိုရည်ကို တက္ကသိုလ်ရဟန်းပျို ဓမ္မစာဆောင်မှ ဆက်ကပ်လှူဒါန်းပါသည်။
နတ်လူသာဓုခေါ်စေသော်..........။

No comments:

Post a Comment

Myanmar Student Monks Organization in Thailand. Powered by Blogger.